[အခမဲ့အကြံဉာဏ်ပေးခြင်း၊ သတင်းအချက်အလက်အာမခံထားရှိခြင်း] သင့်နာမည်နှင့် မျှဝေသောအကြောင်းအရာများကို လျှို့ဝှက်ထားမည်ဖြစ်ပါသည်။ အလုပ်နှင့်ပတ်သက်သောပြဿနာများကို ယုံကြည်စွာ ဆွေးနွေးနိုင်ပါသည်။
Fukuyama Union Tanpopo သည် ရွှေ့ပြောင်းအလုပ်သမားများအပါအဝင် အလုပ်သမားအားလုံးအတွက် တရားမျှတမှုမရှိသော လုပ်ငန်းခွင်ပတ်ဝန်းကျင်အခြေအနေများကို ရင်ဆိုင်နေရသော အလုပ်သမားများအတွက် တိုင်ပင်ဆွေးနွေးမှုနှင့် ထောက်ခံအားပေးမှုများကို ကူညီဆောင်ရွက်ပေးပါသည်။ ထို့အပြင် လုပ်ငန်းခွင်တွင်းနှောင့်ယှက်ခြင်း (သားဖွားခြင်းဆိုင်ရာ နှောင့်ယှက်ခြင်းအပါအဝင်)၊ လူမှုဆက်ဆံရေး၊ လုပ်ငန်းခွင်ပြောင်းလဲလိုခြင်းဆိုင်ရာများနှင့် လုပ်ငန်းခွင်ဆက်စပ်မတော်တဆမှုများစသည့်များကို တိုင်ပင်ဆွေးနွေးခြင်းများလည်းဆောင်ရွက်နိုင်ပါသည်။ အလုပ်ထုတ်ခံရခြင်းစသည့် အကြောင်းများကြောင့် ၎င်းတို့၏ နေထိုင်မှုအခြေအနေ ဆုံးရှုံးသွားသော ရွှေ့ပြောင်းအလုပ်သမားများကို ညှိနှိုင်းဆွေးနွေးမှုများကိုလည်း ဆောင်ရွက်ပေးပါသည်။
အိုကာယာမခရိုင်အတွင်းမှ ဆက်သွယ်လိုက်ပါက၊ တယ်လီဖုန်း သို့မဟုတ် Facebook Messenger မှတဆင့် ဆက်သွယ်နိုင်ပါသည်။ ထိုအခါ ယူနီယန်ဝန်ထမ်းများက ဗီဒီယိုခေါ်ဆိုမှု သို့မဟုတ် အိုကာယာမခရိုင်အတွင်းတွင် ရင်ဆိုင်တွေ့ဆုံမှု ကို စီစဉ်ပေးပါမည်။ အရေးပေါ်အခြေအနေအတွင်းတွင် ကိုယ်ရေးအန္တရာယ်ရှိသည်ဟု ခံစားလျှင်၊
ဖုကုယာမမြို့ရှိ ခိုလှုံစခန်း (shelter) သို့ ထွက်ပြေးခိုလှုံနိုင်ပါသည်။
နေ့တိုင်း ဖွင့်ပါသည် / ၁၀:၀၀ - ၁၈:၀၀
၀၈၄-၉၂၈-၅၀၅၅ (ဂျပန်အလွယ်) / အရေးပေါ်အကြံဉာဏ်ပေးခြင်း ၀၉၀-၂၈၆၀-၄၇၃၇ (Muto)